Jump to content

Portal:နည်းပညာ

ဝီကီးပီးဒီးယား က

ကြိုဆိုပါယင့်။ Peacock

နည်းပညာ ဆိုစွာ လူသားရို့ဧ့ လိုအပ်ချက်တိနန့် ပြဿနာတိကို ဖြီယှင်းနိုင်ဖို့ သိပ္ပံပညာ၊ အိန်ဂျန်နီယာပညာနန့် လက်တွိအတွိအကြုံတိကို အသုံးချပနာ ကိရိယာတိ၊ စက်ဝန်တိ၊ စနစ်တိနန့် လုပ်ငန်းစဉ်တိကို တီထွင်ဖန်တီး အသုံးပြုရေ နယ်ပယ်ဖြစ်တေ။ နည်းပညာရေ လူ့ယိုင်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုနန့်တတူ ရက်ပြတ် ပြောင်းလဲတိုးတက်လာခပြီးကေ နိစိုင်ဘဝ၊ စီးပွားရီး၊ ပညာရီး၊ ဆက်သွယ်ရီး၊ ကျမ္မာရီးနန့် စက်မှုလုပ်ငန်းတိမာ အရီးပါရေ အခန်းကဏ္ဍမှ ပါဝင်ဗျယ်ဒေးကေဟိရေ။ နည်းပညာဧ့ အဓိကနယ်ပယ်တိမာ သတင်းအချက်အလက်နည်းပညာ၊ ကွန်ပျူတာသိပ္ပံ၊ အိန်ဂျန်နီယာပညာ၊ ဆက်သွယ်ရီးနည်းပညာ၊ ဇီဝနည်းပညာနန့် အာကာသနည်းပညာရို့ ပါဝင်ရေ။ နည်းပညာရေ ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပီးပြီး အချိန်နန့် အရင်းအမြစ်တိကို ပိုပြီးကေထိရောက်စွာ အသုံးချနိုင်စီရေ။ ယင်းအပြင် နည်းပညာရေ အချက်အလက်တိကို အယင့်ယင် မျှဝီနှိုင်စီရား ကမ္ဘာတဝန်းဟိ လူတိအကြား ဆက်သွယ်မှုနန့် ပူးပေါင်းဆောင်ရွက်မှုကို ပိုလို့ကေလွယ်ကူစီရေ။ ခေတ်သစ်နည်းပညာတိဖြစ်ရေ ဉာဏ်ရည်တု၊ စက်ရုပ်နည်းပညာ၊ အိန်တာနက်၊ မိုးရိပ်ကွန်ပျူတာစနစ်နန့် အရာဝတ္ထုတိဧ့ အိန်တာနက်ရို့စွာ လူ့ဘဝနန့် စက်မှုလုပ်ငန်းတိကို အဟိန်အဟုန်ဖြင့် ပြောင်းလဲဗျာယ်ဟိရေ။ နည်းပညာဖွံ့ဖြိုးတိုးတက်မှုနန့်တတူ ဆိုက်ဘာလုံခြုံရီး၊ ကိုယ်ရီးအချက်အလက်ကာကွယ်ရီးနန့် နည်းပညာကျင့်ဝတ်ရို့စွာလေ့ ပိုပြီးကေအရီးပါလာရေ။ ယင်းအတွက်နန့် နည်းပညာရေ လူသားရို့ဧ့ ဘဝအရည်အသွီးကို မြှင့်တင်ပီးပြီး လူမှုရီးနန့် စီးပွားရီးဖွံ့ဖြိုးတိုးတက်မှုအတွက် မဟိမဖြစ်လိုအပ်ရေ အခြီခံနယ်ပယ်တခုဖြစ်တေ။

Categories

Category puzzle
Category puzzle
Select [►] to view subcategories

နောက်ထပ်ပိုတယ်တိ

ရခိုင်ဝီကီးမှာနောက်ထပ် ပိုတယ်တိလည်းကြည့်နိုင်ပါရေ

Associated Wikimedia

အောက်ပါ ဝီကီးမီဒီယာ ဖောင်ဒေးရှင်း ညီအေးမ ပရောဂျက်တိမာ ဒေအကြောင်းအရာအတွက် ပိုပြီးကေ ထောက်ပင့်ပီးထားရေ။